ဘာသာရေးကဏ္ဍ

ရွှေဘိုမြို့နယ်၊ကျားတောင်ရွာ၊ မဏိရတနာပုံကျောင်းတိုက် သမိုင်းအကျဉ်း

မဏိရတနာပုံကျောင်းတိုက်ကို ကောဇာသက္ကရာဇ် (၁၂၀၉)ခုနှစ်၊ပြာသိုလပြည့် အင်္ဂါနေ့တွင် သီးလုံးဆရာတော်ဗရားကြီး အကြီးအမှူးပြု၍သိမ်သမုတ်ခြင်းကို အောင်မြင်တော်မူ၍ ဆရာတော်ဗရားကြီး ဘဒ္ဒန္တအာသဘ၏ သီမာသမုတိ အောင်မြင်ကြောင်း ကဗျည်းကျောက်စာကိုထောက်၍ ဤမဏိရတနာပုံကျောင်းတိုက်ကို ကျားတောင်ရွာကျောင်းတိုက်ဟူ၍၎င်း။ ကောဇာသက္ကရာဇ် (၁၂၉၆)ခုနှစ်တွင် ပြန်လွန်တော်မူသော ဆရာတော်ဗရားကြီး ဘဒ္ဒန္တတေဇဝန္တ၏ အရိုးပြာကို သရိုးလုပ်ကာကြေးပြားပေါ်စာရေးထားသော ကြေးကမ္မဝါစာကိုထောက်၍ ဤမဏိရတနာပုံကျောင်းတိုက်ကို ကျားတောင်ရွာ ကျောင်းတိုက်ဟူ၍၎င်း နှစ်ပေါင်း(၁၆၀)ကျော်မှပင် အမည်တွင်ခဲ့ပါသည်။ သီးလုံးဆရာတော်ဗရားကြီးကို ရဟန္တာဟု လူသူအများက သမုတ်ထား ကြသောကြောင့် ခဏ္ဍသိမ်ကိုလည်း ရဟန္တာမထေရ်မြတ်ကြီး သမုတ်ထားသော သိမ်ဟူ၍ ကြော်ကြားပါသည်။ခဏ္ဍသိမ်မှ အမှီပြုတည်ထားသော စေတီမှာ ပွတ်စေတီဖြစ်ကာ ၁၃၄၅- ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနမှ သမိုင်းပညာရှင် ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) နှင့် တမ္ပ၀တီဦးဝင်းမောင်တို့မှ လာရောက်ကြည့်ရှု၍ ဤစေတီသည် သာလွန်မင်း လက်ထက်၌ တည်ထားလေ့ရှိသော စေတီဖြစ်ကြောင်း ပျက်စီးနေသော ထီးတော်အဟောင်းကြီးကိုကြည့်၍ ထောက်ခံအသိအမှတ် ပြုကြပါသည်။ ရွှေဘိုနယ်မှာနှစ်ဆူသာ ရှိကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။ ကျောင်းတိုက်အဝင်၌ တည်ထားသော စေတီမှာလည်း (၁၀၅၃)-ခုနှစ်တွင် သုမနဒေဝီမင်းသမီး တည်ထားကိုးကွယ်ခဲ့ကာ ပျက်စီးယိုယွင်းနေ၍ (၁၃၁၂)-ခုနှစ်တွင် ဆရာတော်ဗရားကြီး ဘဒ္ဒန္တဣန္ဒောဘာသနှင့် တပည့် ဒါယကာ ဒါယိကာမအပေါင်း တို့မှ စုပေါင်း၍ ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါသည်။ စိန်မြရောင်ခြည် မဏိရတနာပုံကျောင်းဆောင်တော်ကြီးကို ဆရာတော်ဗရားကြီး ဘဒ္ဒန္တဣန္ဒောဘာသနှင့် ကျေးရွာ ဒါယကာ၊ ဒါယိကာမအပေါင်းတို့က စုပေါင်းဆောက်လုပ်၍ အောင်မြင်စွာပြီးခြင်းကိုအကြောင်းပြု၍ ကျားတောင်ရွာ ကျောင်းတိုက်ကို မဏိရတနာပုံကျောင်းတိုက်ဟူ၍ ယနေ့အချိန်ထိ အမည်တွင် နေပါသတည်း။

ရွှေဘိုမြို့နယ်၊ ကျားတောင်ရွာ မဏိရတနာပုံကျောင်းတိုက် စာရင်းဝင် သံဃာတော်များ  စာရင်း(၁၃၇၉-ခုနှစ်)
စဉ် ဘွဲ့တော် သက်တော် သိက္ခာ ကျောင်းတိုက်၊ ဌာန
ဦးနိမလ ၅၆ ၃၆ မင်္ဂလာဇေယျုံကျောင်း၊ ချောက်မြို့။
ဦပညာဓိက ၅၆ ၃၆ ဒဟတ္တောကျောင်းတိုက် ၊မန္တလေးမြို့။
ဦးစန္ဒောဘာသ ၅၆ ၃၆ စိုင်သေကျောင်း၊ ကျောက်ဆည်မြို့။
ဦးစန္ဒမာလာ ၈၀ ၂၅ စကားပင်ကျောင်း၊ မတ္တရာမြို့နယ်။
ဦးကဝိသာရ ၃၅ ၁၅ မဏိရတနာပုံကျောင်း၊ ကျားရွာ။
ဦးသောဘိတ ၃၀ ၁၀ ရွာသာကျောင်း ၊ ခင်ဦးမြို့နယ်။
ဦးခေမာစာရ ၂၈ အနောက်ထီးလင်းတိုက်၊ မန္တလေးမြို့။
ဦးကောဝိဒ ၅၇ မဏိရတနာပုံကျောင်း၊ ကျားရွာ။
ဦးဇောတိက ၅၈ မဏိရတနာပုံကျောင်း၊ ကျားရွာ။
၁၀ ဦးလက္ခဏ ၄၀ မဏိရတနာပုံကျောင်း၊ ကျားရွာ။
၁၁ ဦးပဏ္ဍိတ ၆၇ မဏိရတနာပုံကျောင်း၊ ကျားရွာ။
Powered by Drupal