ပညာရေးကဏ္ဍ

ကြိုးစားစို့

အမျိုးဘာသာ သာသနာကို
တိုးတက်အောင်ကွယ် ဆောင်ရွက်မည်ဟု
စိတ်ဝယ်ပြင်းပြ နေချေကလည်း
အကောင်းအဆိုး အကြောင်းအကျိုးကို
ပိုင်းခြားဝေဘန် သိမြင်နိုင်သည့်
ပညာသည်သာ မရှိပါက
အရာရာလည်း လုပ်တိုင်းလွဲ၍
အလွဲများစွာ စုပေါင်းရာကြောင့်
ရည်ရွယ်ပန်းတိုင် မရောက်နိုင်ဘူး
ထိုကြောင့်ချိန်ခါ သင့်တိုင်းမှာလျှင်
ပညာသင်ဖို့ ကြိုးစားစို့။

Powered by Drupal